Print

အသားအရေ အတွက် ငှက်ပျောသီး

  29-Oct-2016
Preview Image

ငှက်ပျောသီးထဲမှာ ဗီတာမင် C ပါ၀င်ပြီး အရွယ်တင်နုပျိုစေပါတယ်။ ငှက်ပျောသီးမှည့် တစ်ဝက်ကို စန္ဒ ကူးမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း၊ ပျားရည်

လက်ဖက်စားစွန်း တစ်ဝက်တို့နဲ့ ရောမွှေပြီး မျက်နှာပြင်အနှံ့လိမ်း ပါ။ ၂၀-၂၅ မိနစ်ထားပြီးမှ ကြက်သီးနွေးရေနဲ့ သန့်စင်ဆေးကြောပါ။ မျက်နှာပြင်အဆီပြန်ပါက စန္ဒကူးမှုန့်ပါ ရောထည့်ပြီး မျက်နှာပေါင်းတင်ပေးပါ။

 

အရွယ်တင်နုပျိုစေတယ်

-------------------------

 

ငှက်ပျောသီးထဲက အာဟာရဓာတ်တွေက မျက်နှာပေါ်က အရေးကြောင်းတွေကို ဖယ်ရှားပေးပြီး အသားအရေနှုးည့ံ စိုပြေစေပါတယ်။ အရွယ်တင်နုပျိုစေဖို့ ငှက်ပျောသီး

မှည့်ကို ထောပတ်သီးမှည့်နှင့် ရောမွှေ ပြီး မျက်နှာပြင်အနှံ့ လိမ်းပေးပါ။ ၂၅ မိနစ်

ထားပြီးမှ ရေနဲ့သန့်စင်ဆေးကြောပါ။ အရေးအကြောင်းဖြစ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေကို

တိုက်ထုတ်ပေးပြီး အသားအရေကို ပြန်လည်ပြုပြင်ပေးပါတယ်။ နောက်တစ်နည်းအနေနဲ့ ငှက်ပျောသီးမှည့် လေးပုံတစ်ပုံကို နှင်းဆီပွင့်ဖတ်ရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့

ရောပြီး ခပ်ပျစ်ပျစ်ရ အောင်မွှေပါ။ မျက်နှာနဲ့ လည်ပင်းကိုလိမ်းပြီးမှ ရေအေးနဲ့ သန့်စင်ပါ။

 

Ref:

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Arogyam Magazin No.271,Pg.103-108,Ferbruary 2015

 



Related Articles


Advertisment 18